Gekkou:Volume 1 လိမ္မော်ရည်နှင့် စပျစ်ဝိုင်

From Baka-Tsuki
Jump to navigation Jump to search

အတန်းပြန်စတဲ့နေ့။ Tsukmori ကတော့ ထုံးစံအတိုင်း နွေးထွေးသည့်အပြုံးဖြင့် “မင်္ဂလာပါ”

စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းအမ်း ဖြစ်ပြီး ပြန်နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ” ထိုနောက် ကိုယ်ခုံသို့ ကိုယ် ခပ်သုတ်သုတ်။

ငကြောက်နှင့် မတူချင်သော်လည်း တနင်္ဂလာ မနက်စောစောမှာ သူမနှင့် မငြင်းချင်လှ။ ဖြစ်နိုင်လျှင် ခပ်ဝေးဝေးမှာနေပြိး အချိန်အတော်လေး သူမ မျက်နာကို မတွေ့ရလျင် ပိုကောင်းမည်။ အဘယ်ကြောင့်ဆိုသော် မြင်နေပါက သောကြာနေ့ အဖြစ်အပျက်များကို ပြန်လည် သတိရမိနေသောကြောင့်။

သို့သော် Tsukmori ကတော့ ဒီအချိန်မှာတော့ မသိချင်ယောင်ဆောင် နေသလို “Nonomiya-kun အကျီကော်လံက လွဲနေတယ်” ဟု ပျော်ရွင်စွာဖြင့် ထောက်ပြပြီး သူမ ထိုသို့ ပြောကြားရန် အနှစ်တစ်ထောင်ခန့် စောင့်နေရသလို ကျွန်တော် ရှေ့ သို့ ရောက်လာ၏။ ထိုနောက် သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် သေသပ်သွားရန် ပြင်လိုက်သည်။

ကျွန်တော် မျက်စိအောက်မှာတော့ သူမ၏ ဖြူဝင်းသော လည်တိုင် ၊ အတွေးစများ ဘောင်ဘင်မခတ်မှီ မျက်လုံးကို ပိတ်လိုက်မိသည်။ ကျွန်တော် ကော်လံမှာ နဂိုကတည်းက မလွဲပေ။

“ဘယ်တော့ ထပ်လာမလဲ” ဟု ဆွဲဆောင်မှု ရှိသော နှုတ်ခမ်းဖျားကို ဖွဖွလှုပ်၍ Tsukimori တိုးတိုးပြော​သည်။

သောကြာနေ့မှ ကိစ္စကို မေ့သေးသည့်ပုံမပေါ်။

“အဲဒီနေ့က ပြဿနာ ဖြစ်တာတောင် ဒီနေ့ ဒီစကားပြောထွက်သေးတယ်” ဟု စိတ်ထဲမှာတွေးမိသော်လည်း ကျွန်တော်မှာ ကူမည့်ကူမည့်သူမဲ့။

“လာမယ့် စနေနေ့ ညနေအားတယ် အမေ အစည်းအဝေး ရှိလို့ နောက်ကျလိမ့်မယ် ”

သူမနှင့်မသက်ဆိုင်သလို အေးဆေးတည်ငြိမ်စွာ။

“ငါက အင်း ဟုတ်ကဲ့ လာပါမယ် လို့ပြောမယ် ထင်ထားလို့လား”

“ကျွန်မကရော ဟင့်အင်း မလာနိုင်ပါဘူး ဆိုတဲ့ စကားများ ကြားချင်တယ် ထင်ထားလို့လား”

“ကြည့်ရတာ အဲဒီတုံးက နင်က ငါ့ကိုကြောက်နေတာပဲလေ သေချာအောင်ပြောရဦးမှာပါ့”

သူမကို နှာခေါင်းနားအထိ ကပ်ကာ ပြောလိုက်သည့်စကားကတော့

“အဲဒီကို ငါဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မလာဘူး” ပြောပြီးနောက် Tsukimori ပုံစံ ပြုံးလိုက်လေသည်။

“နင်ဘာမှ ရှက်နေစရာ မလိုပါဘူး” သို့သော် မူရင်း အပြုံးပိုင်ရှင်ကတော့ အပြုံးမပျက်။

“အချိန်ကြာလေ နင်လုပ်တာ အရူးကြနေတာပဲ သိရဲ့လား”

“တကယ်တော့ နင်ကမှ မပွင့်လင်းတာ”

နှစ်ယောက်သား ဒီလောက်ကပ်ပြီး ပြုံးပြနေသဖြင့် ကျန်တဲ့သူတွေ အမြင်မှာ သူငယ်ချင်းအရင်းများ ဟု ထင်ပေကြမည်။ သို့သော်

“Youko-san နဲ့ Nonomiya က ရည်းစားတွေကြနေတာပဲ ?” ဟု စကားနဲ့အတူ

စိတ်ပျက်ပျက်လက်ပျက် အသံဖြင့် မကျေမနပ် မှတ်ချက်များက အများအပြားထွက်ပေါ်လာ၏။ Chizuru Usami က ပထမဆုံးသော မှတ်ချက်ချသူ ဖြစ်သည်။ သူမ မျက်နာမှာ သှုန်မှုန်လျက် မေးကို စားပွဲပေါ်တင်ထားပြီး ပါးကိုလည်းဖောင်းထားသေးသည်။ ငါးပူစီဖောင်းကို မမြင်ဖူးသော်လည်း သူမသည် ငါးပူးစိဖောင်းနှင့် တူသည်ဟု ထင်မိသည်။ Usami သည် ထူးခြားသည့် မိန်းကလေး တစ်ယောက်။ သူမကဲ့သို့ စိတ်ဆိုးနေသော်လည်း ချစ်စရာကောင်းသေးသည့် မျက်နာမျိုး လောကတွင် ခပ်များများ မရှိနိုင်ဟု မှတ်ချက်ချမိသည်။ ကျွန်တော် Usami ကို ပျော်ရွင်စွာ စောင်းကြည့်နေတုံး Tsukimori မှ ရှက်ရွံစွာဖြင့်

“ကြားလိုက်လား ? သမီးရည်းစားတွေတဲ့ ရယ်ရတယ်နော်”

တကယ်လို့များ Tsukimori သာ ပါးတစ်ဖက် ရှက်သွေးဖြန်းသွားလျှင် သူမကို ချစ်စရာ ကောင်းသည်ဟု ထင်မိမည် ဖြစ်သည်။ သို့သော် Tsukimori Youko ကတော့ ဒါကို နားလည်နိုင်မည် မထင်။


ထိုနောက် သူမမျက်နာကို လရောင်လို တောက်ပလိုက်သည်။ ကမ္ဘာမြေကို အုပ်စိုးမည့် နတ်ဆိုးတစ်ပါးလို။ ကျွန်တော် မျက်လုံးထဲ သူမနောက်ကျောတွင် အမြီးမှာ ပေါက်လာသည် ဟုထင်မိသည်။

“ကြိုဆိုပါတယ် အချစ် ရေချိုးမလား ထမင်းစားမလား ဒါမှမဟုတ် ငါ့ကိုပဲ….?”

ပြီးတော့ အတော်လေး ကျေနပ်ဟန်ဖြင့် တခစ်ခစ်နဲ့ ရယ်လေသည်။ ကျန်သူများမှာတော့ သူမ၏ သဘောအမှန်ကို မသိ၍ ဖြူစင်လှသည့် မိန်းကလေးက စနောက်နေသည် ဟု ထင်ကြလိမ့်မည်။

“…တကယ်ဟာသပဲ”

ကျွန်တော်အတွက် မည့်သိုပင် တွေးတွေး အိပ်မက်ဆိုး။ ယောက်ျားလေးများထဲမှ တစ်ယောက်ကတော့ Tsukimori Youko နှင့်ပတ်သတ်လာ၍ မနေနိုင် မထိုင်နိုင် စကားစလေသည်။

“ဟေ့! Nonomiya!”

ဟုဆိုကာ မတ်တပ်ရပ်လိုက်သည်က ငရဲပြည်တံခါးဝစောင့်နေသည့် ငရဲသားအပြုံးမျိုးဖြင့် Kamogawa ။

“အင်းပေါ့ ရေချိုးမှာပေါ့ကွ ဟုတ်ဖူးလား မင်းဆိုရင်တော့ ရေချိုးတာကိုပဲ ရွေးမှာပေါ့ ဟုတ်တယ်မဟုတ်လား?”

ကျွန်တော် စိတ်မကြည်လင်သည့် ကြားထဲ ၎င်းတို့ တသိုက်မှာ “ဖြေလေ” ဟုဆိုကာ အတင်းအကျပ် တောင်းဆို။

“မင်းသာရေမချိုးဘူး ဆိုရင် ဘာဖြစ်မယ်ဆိုတာ မင်းသိပါတယ် ဟုတ်တယ်မဟုတ်လား ”

တစ်ဖွဲလုံး အချင်းချင်းကြည့်လိုက်ပြီး သူငယ်ချင်း တစ်ယောက်လို အပြုံးမျိုးဖြင့်။ စိတ်ပျက်စရာပင်။

“အင်း ယောကျာ်းတစ်ယောက် အနေနဲ့ ငါသေချာပေါက်ရွေးမှာက”

ကိုယ့်ဖာသာကိုယ် ကြိုက်တာရွေးမှာပေါ့ ဘာဖြစ်လဲ။ Kamogawa နဲ့ တခြားလူတွေကို မကြောက်။

“— ထမင်းစားမှာပေါ့ကွ ဟုတ်ဘူးလား?”

သို့သော် ကျွန်တော် ပြဿနာ မရှာချင်။

“မင်းဉာဏ်ကောင်းသားပဲ Nonomiya-kun!”

“ငါပြောချင်တာကို နားလည်တဲ့ အတွက် ဝမ်းသာပါတယ်ကွာ Kamogawa-kun”

“ဒါဆို ဟိုဖက်သွားပြီး မင်းပြောတဲ့စကားတွေ နားထောင်ကြတာပေါ့ကွာ ဟုတ်ဖူးလား”

“အခြေအနေက စကားနဲ့ဖော်ပြလို့မရဘူး ဖြစ်နေတယ်”

သူတို့၏ အချိန်ဖြုန်းခြင်း လုပ်ငန်း စတင်ပါတော့မည်။ ကျွန်တော်ကို Tsukimori နဲ့ ကြိုက်နေသလားဟု စုံစမ်းစေဆေးလေရာ ကျွန်တော်မှလည်း လုံးဝဥသုန် မဟုတ်မမှန်ကြောင်း ၎င်းတို့ စိတ်ချမ်းသာစေရန် ထိုကိစ္စဖြင့် မသက်ဆိုင်ကြောင်း ချော့မော့ပြောဆိုရလေ၏။ တကယ်ကို နားမလည်နိုင်တဲ့လူတွေ။ “လူသတ်နည်း” အကြောင်း မသိသေး၍ပင် ထိုမျှလောက် စွဲစွဲလန်းလန်း ဖြစ်နေခြင်း ။ ထိုနောက် ကျွန်တော် ဒုက္ခရောက်နေသည်ကိုပင် ဂရုမစိုက် ၊ Tsukimori လက်လှမ်းပြလိုက်သည်။

“ဂွတ်ဘိုင် ဒါလင်!”

ဒီတော့လည်း သင့်တော်တဲ့တုံပြန်မှု ပြန်ပေးတာပေါ့။

“ညအိမ်ပြန်နောက်ကျမယ်နော် ဟန်နီ”

စိတ်ထဲမှာတော့ ကသိကအောက်။ ခံစားရသည်က သူဌေး အတင်းအကျပ်လုပ်ခိုင်း၍ လုပ်လိုက်ရသော အလုပ်သမားတစ်ယောက်လို မကျေမနပ်။ ယခု သတိထား မိသည်က တချိန်လုံး ဆူညံ ပွက်လောက် ရိုက်နေသော Usami တစ်ယောက်ကတော့ ငြိမ်နေသည်။ သူမကို စိတ်ပူနေရန် အချိန်မရှိ ၊ လက်ရှိပင် သောကပွားနေသော Kamogawa နှင့် ဒုက္ခပေးနေသော Tsukimori Youko တို့ကို အဓိက ဖြေရှင်းရန်။ အင်း ကျောင်းဆင်းသွားရင်တော့ သူမနှင့် စကားဘယ်လို ဆက်ရမည်နည်း။ အတန်းက ပြီးသွာသည်မို့ အပြင်ထွက်ရန် ပြင်နေချိန် ၊ Usami တစ်ယောက် ကြောက်နေပုံဖြင့် လှမ်းတားသည်။

“…. Nonomiya?”

“အင်းဘာလဲ?”

“သတိထားမိလို့ပါ နင်နဲ့ Youko-san တို့က နောက်ပိုင်း အမြဲတမ်း တတွဲတွဲဆိုတော့လေ…”

“ပုံမှန်ပါပဲ” မေးခွန်တွေ ကြားရဖန်များတော့ အလိုလို ခပ်ပြတ်ပြတ် ပြောလိုက်မိသည်။ Usami ကျွန်တော် မကြည်သည် ရိပ်စားမိ၍ ပို၍ပင် လန့်ပုံရသည်။ သို့သော်

“… နင်တို့က အမြဲတမ်း အတူတူဆိုတော့”

Tsukimori အကြောင်း ပြောပါများ၍ ကျွန်တော် အမြန်ပင်

” အလုပ်မှာတွေ့တယ် ၊ ကျောင်းမှာလည်း အတန်းခေါင်းဆောင် အနေနဲ့ တွေ့တယ် ဒီထက်မပိုဘူး”

ထိုနောက် လွယ်အိတ်ကိုမပြီး အခန်းထဲမှ ခပ်သုတ်သုတ် ထွက်လိုက်သည်။ သို့သော် ရုတ်တရက် Usami ကျွန်တော်နား ကပ်ပြီး သွားမည့်လမ်း ကို ပိတ်လိုက်သည်။ “ရပ် ရပ် ရပ်လိုက်!”

“ဘာလဲဟာ?!”

“အာ အင်း နင်အချိန်ရလား?”

“ဟင့်အင်း”

” ခဏလေးပါဟာ တကယ်!”

ကျွန်တော် အကြည့်များက စူးရှ၍ သူမ မျက်လုံးအစုံမှာ လှောင်အိမ်ထဲ ပိတ်မိနေသည့် သနားစဖွယ် ရှဉ့်လေးတစ်ကောင်လို။ စိတ်ခံစားမှုကို မပေါ်လွင်စေရန် အသက်ကို ဝဝ ရှုလိုက်သည်။

“နင် ဘာလုပ်မှာလဲ”

ခုနမှ လုပ်ရပ်မှာ ကလေးဆန်သလို ခံစားမိ၍ သူမနှင် အေးအေးဆေးဆေး ပြောရန် ဆုံးဖြတ်လိုက်သည်။ ထိုကြောင့် သူမ အတော်လေး သက်သာရာရသွားပုံ။ Usami လည်း မမှား။ ကျွန်တော်အပေါ် Tsukimori က အသာစီးယူသည်နှင့် Kamogwa တို့တစ်သိုက် အနိုင်ကျင့်မှု ကို မကျေနပ်သည် က စိတ်ထဲတွင် ရောထွေးနေသည်။ ခဏပင် သူမ အပြစ် မဟုတ်ကြောင်း ဆင်ခြင်မိသည်။

ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်ပြီး Usami တစ်ယောက် အသံတိုးတိုးဖြင့် “ဒီမှာ မပြောချင် တခြားနေရာသွားကြမလား”

ကျွန်တော်က ဘယ်သွားသွား လိုက်ရန်အသင့်။ ထိုအပြင် ကျွန်တော်လည်း ဘယ်သွားရမှန်းမသိ။

“ဒါဆိုလည်း ဘယ်ကိုသွား…. ?”

သူမ မျက်နာဘယ်ထားရမှန်းမသိ ဖြစ်နေပုံ ဘာဖြစ်မလဲ ကို အနည်းငယ် စိတ်ပူမိသည်။ သို့သော် Usami ဖြစ်၍သာ စိတ်သက်သာရာ ရမိသည်။ ထိုနောက်တွင့်  အားကစားခန်းမ အနောက် ရောက်ခဲ့ပြီး တိတ်ဆိတ်နေသည်။

“စားမေးပွဲနီးလို့ ကလပ်တွေ အကုန်နားတယ် ”

“အော်” ဟု သာဆိုလိုက်သည်။

ထိုကြောင့် အားကစားခန်းမက ငြိမ်သက်နေသည် နှင့် Usami လည်း အားလပ်နေသည် ကို သိလိုက်ရသည်။ ထိုနောက် တချိန်ထဲမှာပင်

“ဒီတော့ ငါကို ဘာပြောမလို့လဲ?”

အားကစားခန်းမ အစွန်ရှိ ကွန်ကရစ်တုံးတွင် ထိုင်ကာ နားကလော်ရင်း မေးလိုက်သည်။ ထိုနေရာတွင် စကားများပြီးနောက် ခေါ်ရသည့် အကြောင်းရင်းမှာ “နင့်ကို ငါ သောက်မြင်ကတ်တယ်” ဆိုသည့် စကားမှအပ အခြားမရှိ။ သူမ စိတ်ဆိုးသည်မှာ ကြည့်ကောင်း သော်လည်း တကယ်တမ်း ရန်ဖြစ်လျှင် အားကစား အမြဲလုပ်လေ့ ရှိသည့် သူမကို နိုင်ရန်မရှိ။ ထိုကြောင့် ငြိမ်းချမ်းပါစေ ဟုသာ စိတ်ထဲမှ ဆုတောင်းမိသည်။

“ခုနက ပြောတာ အဆက်ပါ” ဟု ခိုးခိုးကြည့်နေရင်း Usami ပြောလိုက်ပြီး သူမကပင် ဆက်၍

” Nonomiya နင်နဲ့ Youka-san တို့က ရည်းစားတွေလားဟင်?”

ကျွန်တော်မှာမူ မတုန်မလှုပ် ကျောက်ဆစ်ရုပ်။ Kamogawa နဲ့ တခြားသူတွေကလည်း မေးပြီးသဖြင့်။ ၎င်းတိုမှာတော့ သွေးဆာသည့် မျက်လုံးများဖြင့် ” ဟုတ်လို့ကတော့ သေဖို့သာပြင်” စကားပင် အဆစ်ပါသေးသည်။

“ပေါက်ကရတွေ ဘယ်ကလာ ဟုတ်ရမှာတုံး!” ဟုရယ်ရင်းပြောလိုက် သော်လည်း Usami မှာတော့ မယုံသေးပုံ။

“ဒါပေမယ့် နင်တစ်ယောက်ပဲ ယောကျာ်လေးထဲမှာ သူနဲ့ အဆင်ပြေဆုံးလေ!”

“ခုနကပြောသလို အလုပ်တူတူလုပ်တာကိုး ”

“ဒါပေမယ့် နောက်ပိုင်း Youko-san နဲ့ စကားပြောတိုင်း နင့်အကြောင်းပါပါလာတယ်!”

“ငါပြောပြီးပြီလေ”

“ဒါပေမယ့် ဒါပေမယ့် အဲဒီတုံးက အတန်းထဲမှာ ဘာလို့ Youko-san က နင့်ကိုပဲ ကြည့်နေတာလဲ?”

“… ငါ့ကိုလာမမေးနဲ့လေ သူ့သွားမေးပါလား!”

မှန်စမ်း ၊ အခုမှသိရသည်။

“နင်ကြိုက်တာပြော ငါထင်တာ နင်တို့နှစ်ယောက်က မရိုးသားဘူး”

“ဒီတော့?”

“…ဒီတော့? ဒီတော့ ဘာဖြစ်လဲ?”

Usami ကြည့်ရသည်မှာ အံဩနေပုံ။

“ငါဆီက ဘယ်လို ကြားချင်လို့လဲ”

သူမ အံဩနေတုံး မေးခွန်းဖြင့် ထပ်ပြီးဖိအားပေးလိုက်သည်။

“ငါတို့နှစ်ယောက်တွဲနေရင် နင်က ဝမ်းသာမှာမို့လို့လား?”

“ဟင့်အင်း မတွဲရဘူး” ဟု သူမ အော်လိုက်ကာ ထိုနောက်တွင်မှ သူမ “ငါပြောမိသွားပြီ” ဟု မျက်နာထားဖြင့်

“အား ဒါကတော့ ငါ မပြောသင့်ပေမယ့်လေ Youko-san က နာမည်ကြီး ဆိုတော့ အင်း….ပြီးတော့လေ အင်း….”

သူမ ယုတ္တိရှိအောင် ဆင်ခြေတွေပေးနေသော်လည်း မပြီးနိုင်မစီးနိုင်။

“Usami.”

ဟု ကွန်ကရစ်တုံးကို ပုတ်၍ သူမလာထိုင်ရန် အချက်ပြလိုက်သည်။ သူမ ဆံပင်ကို ရှက်ရှက်ဖြင့်ဖွလိုက်ရင်း စကားနားထောင်ပြီး ထိုင်လိုက်သည်။

“တကယ်! သူနဲ့ငါနဲ့ ကြားမှာ ဘာမှမရှိဘူး” ဟုဆိုကာ သူမမျက်လုံး ကိုကြည့်ရင်း စိတ်သက်သာအောင် ပြောလိုက်သည်။

“ဟုတ်လား တကယ် ဘာမှမဟုတ်ဘူးနော် ဟမ်”

Usami မျက်နာတစ်ခုလုံး သကြားလုံးစားရသည့် ကလေးငယ်လို ပြုံး၍ရွင်၍။ သူမသည် အလွန်အကဲခတ်ရလွယ်သည်။ Mirai-san လို မိန်းမတွေ၏ ပင်ကိုယ်အသိစိတ် မရှိသော်လည်း ကျွန်တော်ကို သံယောဇဉ်တွယ်နေသည့် သူမကိုမူ ကောင်းကောင်း သတိထားမိသည်။

“အင်း ကောင်းပြီ ကြည့်ရတာ နင်ငါ့ကို နားလည်လာသလိုပဲ”

ဟု ပြောရင်း ပြဿနာရှင်းပြီ ထင်၍ မတ်တပ်ထလိုက်သော အခါ သူမ ကျွန်တော် ခါးကို လှမ်းဆွဲလိုက်သည်။

“နောက်တစ်ခု ထပ်မေးချင်လို့ ?”

အစကတော့ သူမဆွဲသည်ကို ဂရုမစိုက် မတ်တပ် ပြန်ထရန်။ သို့သော် ကျွန်တော် သူမတုန့်ပြန်မှုကို ကြည့်ပြီးနောက် ခါးမှာမရွေ။ ထိုကြောင့် စိတ်လျော့ပြီး ထိုင်လိုက်သည်။

“…အင်း ကောင်းပြီ ပြော”

“အင်း အာ Nonomiya တကယ် တခြား ဘယ်သူနဲ့မှ မတွဲဘူးပေါ့ ဟုတ်လား?”

“အင်း”

Usami မျက်လွာချလိုက်သည်။

“ဒါဆို…. ကြိုက်နေတဲ့သူရော ရှိလား?” ဟု မြေကြီးကို ခေါင်းငိုက်စိုက် ချလျှက် မေးသည်။ သူမ မျက်နာမှာ တွန့်ဆုတ်နေပြီး နှုတ်ခမ်းက ဘဲရုပ်လေးလို။

သို့သော် သူမမေးခွန်းကမူ မထူးဆန်းလှ။ ကျွန်တော်အတွက် ရင်ခုန်စရာပင် မရှိ။ သို့သော် စိတ်ထဲ နာမည်တစ်ခု ပေါ်လာလေသည်။ သူမကို ဖြေရန်ပင် မေ့နေသည်။

“… ဘာလို့ ဘာမှ မပြောတာလဲ?”

ဟု သူမ တုန်လှုပ်နေဟန် ၊ ကျွန်တော် အတွက် အခွင့်ကောင်း။

“….မေးခွန်းက သုံးခုတောင် ရှိနေပြီ!”

“အာ! နင်ငါ့ကို စကားလွဲနေတယ်! ဒါဆို ရှိရမယ်! နင်ကြိုက်တဲ့သူရှိရမယ်!”

Usami မျက်လုံးများ ကျယ်လာပြီး အံဩသွားသလို။ သူမကို အနည်းငယ် ဖိအားပေးလိုက်မိသည်။

“အမ်? ဘယ်သူလဲ? ဘယ်သူလဲ! အား Youko-san မဟုတ်လား? Youko-san ပဲဖြစ်ရမယ်”

“နင် စကားကလည်း ဒီပြန်ရောက်လာပြီ ခုန ရှင်းတာတွေ ဘယ်ရောက်သွားတုံး ၊ ငါ့အချိန်တွေ ပြန်ပေး!”

“ဒါဆို တခြားဘယ်သူရှိသေးလို့လဲ!”

“နင်က ဘာလို့ ဒီလိုပြောနိုင်တာလဲ ဒီလိုဆို?”

“ငါက မိန်းကလေးလေ သိတာပေါ့!”

သူမတုံပြန်မှုက ကျွန်တော်အတွက် ရှဉ့်လေးတစ်ကောင် စကားကိုမပီကလာ ပြောနေသလို။ သို့သော် မိန်းကလေး တစ်ယောက် ဖြစ်၍ “မိန်းကလေး တွေရဲ့ အသိစိတ် ဆိုသည့် လက်နက်မှာ ယောက်ျားလေး ဖြစ်သည့် ကျွန်တော့် အတွက် လျှိုဝှက်ဆန်းကြယ်နေဆဲ။

ထိုအပြင် စိတ်ထဲပေါ်လာသည့် နာမည်က Tsukimori Youko ဖြစ်နေတော့ ငြင်း၍မရ။

“ကြည့်ရတာ Youko-san နင့်ကို ကြည့်တာပုံမှန်မဟုတ်ဘူး ၊ ဒါကြောင့် ငါသိတာ ၊ ငါတို့ သူငယ်ချင်းဖြစ်တာ ကြာလှပြီ”

သူမ အကြောက်ပြေသောအခါ ဆက်၍

“နင်ကငြင်းနေရင်တောင် သူကတော့နင့်ကို ချဉ်းကပ်နေသလိုပဲ”

Usami ကျွန်တော်ကို ကြည့်ရင်း တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရသည်။

“… နောက်ပြီး Nonomiya ငါ နင့်ကိုနားလည်တယ် ငါ့မျက်လုံးထဲမှာ အမြဲတမ်းနင်ရှိတာ ဆိုတော့”

ဒီအကြည့်က ပြတ်ပြတ်သားသား တစ်ခုခုကို ဆုံးဖြတ် လိုက်ဟန်။

“နင်ကတော့ သတိမထားမိပေမယ့် နင် သူ့ကို ဆက်ဆံတာ ပုံမှန်မဟုတ်ဘူး ငါ စကားနဲ့တော့ မပြောပြတက်ဘူး ဒါပေမယ့် နင့်တို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ထူးထူးခြားခြား ဆက်ဆံနေကြသလိုပဲ။ အချိန်ကြာလာလို့ နင်သတိမထားမိတာပဲ ရှိတာ ဒီတော့ နည်းနည်း ဖိအားပေးလိုက်တာနဲ့ နင်သိလား ငါစိတ်ထဲမှာ ‘ငါတော့ မြန်မြန်လုပ်’ လို့ တွေးမိသလို ဒါပေမယ့် ပြန်တွေးလိုက်တော့ ဒီလိုလုပ်ရင်လည်း ငါ တကိုယ်ကောင်းဆန်သလိုပဲ ဒါပေမယ့် လိမ္မာတဲ့ ကောင်မလေး လုပ်ပြီး နောင်တရမယ့် အစား တခါလောက် ငါဆိုးကြည့်ချင်သေးတယ်။ နင်သိလား ငါ…ငါလေ ဒါကြောင့်…”

Usami စကားဆက်၍ “ခဏ-ခဏလေးနော်” ဟုဆိုကာ အသက်ဝအောင် ရှု၍ သူမ ခုန်လိုက်သည်။

“ငါ Chizuru Usami က နင့်ကို ချစ်…..တယ်”

သူမဖွင့်ပြောတဲ့ပုံစံ Usami ဟုပင်ပြောရလောက်သည်အထိ ထူးခြားသည်ပုံစံ။ စိတ်ထဲတွေးမိသည်က ကမ္ဘာပေါ်က တခြားမည်သူမျှ ဒီလိုသူမဆီက ဖွင့်ပြောခြင်း ခံရမည် မဟုတ်။ သူမကို ပို၍ပင် ယခင်ကထက် နှစ်သက်မိသေးသည်။

အနှေးနှင့်အမြန် ပြောမိသည်က “ကျေးဇူးတင်ပါတယ်”

“အား? အမ် ရပါတယ်…?” ဟုပြောကာ Usami ဘာလုပ်ရမှန်းမသိ ဖြစ်နေဟန်။

စိတ်ထဲတွင် ကျွန်တော်နဲ့ မကွဲပြားသည့်သူမ၏ ဖွင့်ပြောမူ ကြောင့် ကျွန်တော် စိတ်ထဲ ဝမ်းသာမိသည်။ ကျွန်တော် သူမကို သဘောကျသည်။


အဆောက်အဦကို တိုက်ခတ်လာသော လေပြေအေးက ကျွန်တော်တို့ကို ဖြတ်သန်းသွားပြီ ကွယ်ပျောက်သွားသည်။ အားကစားခန်းမ နောက်ဖက်တွင် ဘယ်သူမှမရှိသလို တည်ငြိမ်အေးချမ်းလှသည်။

ရုတ်တရက် Usami သူမကို သူမ ကြောင်တစ်ကောင်လို ဆွဲဆန့်ကာ

“ညား!”

ဟု အသံကျယ်ကြီးဖြင့် မိုးပြာရောင် ကောင်းကင်အောက်တွင် ကြောင်တစ်ကောင် ဈာပနကဲ့သို့။

“အား! စိတ်ထဲပေါ့သွားသလိုပဲ ပြောလိုက်ရလို့ ဝမ်းသာတယ်!”

သူမမျက်နာကတော့ တောက်ပနေသည်။

“… နင့်ကို တော့ အားနာပါတယ်။ အခု ဘာလုပ်ရမှာလဲ ဟင်”

“အမ်?”

“ငါ အဖြေမှ မပေးရသေးတာ ပေးပြီးပြီမို့လို့လား?”

ကျွန်တော်တွေးသည်က သူမ၏ တိုက်ရိုက်အမေးကို မည်သည်နည်းဖြင့်မဆို သဘောမကျသည့် အဖြေဖြစ်သော်လည်း ပြောရလိမ့်မည်။ ထိုနောက် Usami တစ်ယောက် ဖားငယ်လေးလို အကြီးအကျယ် ရယ်လျှက်။ ဆိုလိုသည်က စဉ်းစားရန်လည်း အကန့်အသတ်နှင့် ၊ သို့သော် လုပ်နေကြမဟုတ်သဖြင့် အမြဲတမ်းရလဒ်ဆိုးသာထွက်သည်။

“….နင့်ကိုယ်နင် မထိန်းချုပ်ပါနဲ့ ငါ အဖြေကိုလည်း မမျှော်လင့်ပါဘူး ငါပြောချင်တာ ငါ….နင့်အကြောင်း…ပြောချင်တာ Nonomiya?”

တိုးတိုးဖြင့် ပြောသည်။ မျက်နာ အောက်စိုက်ထားသဖြင့် သူမမျက်နာကို အကဲခတ်၍မရ။

“ဘာကိုလဲ ၊ အခု ငါ အတော်အံဩသွားတယ်”

“နင်က ငါ့မျက်လုံးထဲမှာ ကျောင်းစတက်ကတည်းက နေရာယူထားတာ ပြီးတော့ အရင်ကတည်းက နင်ဟာ ဒီလောက်မှန်းရလွယ်တဲ့လူ မဟုတ်ဘူး ဒါကြောင့် ငါထင်ထားတဲ့ အဖြေကိုတော့ မမျှော်လင့်ပါဘူး”

သူမပြောသည်ကမှန်သော်လည်း ကျွန်တော်မာနမှ အသိအမှတ်မပြု။

“ငါကို အဲဒီလိုထင်ခံရတော့ စိတ်ထဲမှာ တမျိုးပဲ”

အလိုအလျောက် ပုခုံးတွန့်မိသည်။ ထို့ကြောင့် အရှုံးသမားမျက်နာ ဟုခေါ်ကြခြင်း။

“ဒါပေမယ့် နင်သိလား” ဟု စကားစကာ Usami သူမ ခြေထောက်ကို ရှက်ရွံစွာ ယမ်းနေရင်း

“ငါ…အခုထက်ထိ နင့်ကို ချစ်နေတုံးပဲ ဒီတော့ ငါမှာကြိုးစားဖို့ ကလွဲရင် တခြား ရွေးစရာမရှိဘူး!”

ထိုအချိန်တွင် သူမ နားရွက်ဖျားများမှာ ခရမ်းချဉ်သီးလို နီရဲနေသည်။

“နင့်အကြိုက်က တော်တော်ထူးဆန်းတာပဲ မဟုတ်ဘူးလား?”

“ဘာ-ဒါ ဘယ်သူကြောင့်လဲ!” မျက်နာရဲကနဲဖြင့် Usami တုံပြန်လိုက်သည်။

သူမ၏ စိတ်ကူးယဉ်ဆန်မှု နှင့် ရိုးသားမှုကြောင့် အများကတော့ အားနည်းသည်ဟု ထင်ကြပြီး သူမ၏ ချစ်စရာကောင်းမူကို သူမ၏ တည့်တိုးဆန်မှုနှင့် ကြိုးစားအားထုတ်မှုနှင့် တွဲဖက်၍သာ အသိအမှတ်ပြုလိမ့်မည်။

သူမပြောသည့်စကားက “မိန်းကလေးတွေက ချစ်မိရင် ဘာကိုမှ ဂရုမစိုက်တော့ဘူး” ဆိုသည့် မှတ်ချက်ကို သတိရမိစေပြန်သည်။

Usami သူမလက်ချောင်းများဖြင့် ကျွန်တော်နှာခေါင်းနားကို ညွန်ပြကာ

“တနေ့ကြရင် နင့်က ငါကိုချစ်ပါတယ် ဆိုတဲ့ စကားကို ကြားရလိမ့်မယ် သေချာပေါက်!”

သူမ၏ကြောက်ရွံမှုမှာ ကြံခိုင်မှုဖြင့် အစားထိုးခံရပြီး အဝေးရောက်ပုံ။ သို့သော် သူမလက်ချောင်းများမူ အနည်းငယ် တုန်လှုပ်နေသည်။ ထို Usami ဟု အမည်တွင်သည့် ချစ်စရာကောင်မလေး သည် ကျွန်တော်လုပ်နိုင်သည့်အရာများ အတော်ပင်ကြိုးစားရသော်လည်း ယခု ကျွန်တော်အိပ်မက်သာ မက်ခဲ့ရသည် များကိုမူ သူမ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုထဲတွင် ယခုဖွင့်ပြောခြင်းကလည်း တခုအပါအဝင်။ အပိုပြောသည်ဟု ထင်ကြပေမယ့် ကျွန်တော် Usami ကိုမြတ်နိုးသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ကျွန်တော်မကြိုက်သည့်အချက် တစ်ခုမှမရှိ။ သူမက ထိုအချိန်ပိုင်းလေးတွင် ကျွန်တော်စိတ်ထဲ စွဲနေပြီး သူမကိုလက်မောင်းဖြင့် ဖက်ထားချင်စိတ် ပေါက်သည်။ သို့သော် ကျွန်တော် ထိန်းချုပ်လိုက်ပါသည်။

“စိတ်ဝင်စားစရာပဲ ကြိုးစားပေါ့!” ဟုပြောကာ တမင်တကာ စိတ်ထဲတွင် ဘာမှမဖြစ်သည့် ပုံစံဖမ်းလိုက်သည်။

“ဒါပေမယ့် တခုသတိပေးပါရစေ ၊ ငါ နင့်လိုကောင်မလေးကို လွယ်လွယ်နဲ့ ပြန်ကြိုက်မှာမဟုတ်ဘူး!”

“ဘာပြောတယ်?! နင့်စကားနင်မှတ်ထား!”

“အင်းပါအင်းပါ”

“အင်း “တွေ့မယ် နင် မိန်းကလေးတစ်ယောက် အကြောင်း ကောင်းကောင်းသိစေရမယ်!”

ကျွန်တော် မည်သို့မျှ မတက်နိုင်။ တကယ်တော့ ကျွန်တော်သည် ဒေါသထွက်နေသည့် Usami သာ ချစ်စရာအကောင်းဆုံး ထင်မိသည့် လူထူးလူဆန်း တစ်ယောက်။ ထပ်၍ ကောက်ချက်ချမိသည်က ကျွန်တော်သူမကိုသာ ချစ်မိလျှင် အတော်ပင်ပျော်ရွင်လိမ့်မည်။ သို့သော် တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်ကိုလည်း စိတ်ထဲ လျစ်လျူရှု၍ မရ။

_______________________________________________________________________

နောက်နေ့ မနက်ကတည်းက မိုးအတော်လေးရွာနေသည်။ ကျွန်တော် သူမအပေါ် စိတ်ခံစားမှုများမှာ ယိမ်းယိုင်လာသည်။ အချစ်ဟု ပြောရလျှင်လည်း မသန့်စင်၊ စိတ်ဝင်စားသည်ဟု ပြောရသည်ထက်လည်း ကျော်လွန်နေသည်။ ပထမဆုံးအကြိမ် ခံစားမှုတွေကြောင့် ယိမ်းယိုင်ခြင်း။ သို့သော် ယခုအတွက် လွတ်လပ်မှု ကို စွန့်လွတ်ရသော်လည်း တွေဝေခြင်းကို ဖြေရှင်းရန်အသင့်။ တကယ်မှာ လူသတ်နည်း စာရွက်ကြောင့်ပင် ကျွန်တော် စိတ်ခံစားမှုများမှာ ဘရိတ်လို တန့်နေရသည်။ ကျွန်တော် လျှိုဝှက်သည့် မိန်းကလေးများကို မကြိုက်မဟုတ် ၊ သို့သော် ယခု လျှိုဝှက်ချက်မှာ စိတ်ထဲ မအီမသာ ဖြစ်မိသည်။ လူသတ်မှု ဆိုသည်ကို လက်တွေ့တွင် လက်ခံဖို့က မလွယ်လှ။ လူ့ဘောင် ကျင်ဝတ်များက ပိတ်ပင်တားဆီးခြင်း အပြင် မိမိကိုယ်ကို သားကောင်ထပ်ဖြစ်မည်ကို ကြောက်စိတ်ကြောင့် လက်ခံရန် ခဲယဉ်းသည်။ သို့သော် မည်သည့် အခြေအနေမဆို ၎င်းကို ဖြေရှင်းရန် နည်းလမ်းကတော့ တစ်ခုတည်း ၊ သူမကို တိုက်ရိုက် တကယ်ဟုတ်မဟုတ် မေးရန်သာ။ သူမသာမဟုတ် ဟု ဖြေခဲ့ပါက စိတ်ကူးယဉ်ဇာတ်လမ်းကို ရုတ်သိမ်းပြီး “လူသတ်နည်း” စာရွက်ကို မီးရှို့ဖျက်ဆီးပြီး ပုံမှန်ဘဝကို Tsukimori Youko နှင့်ရင်ခုန်စရာ ဖြတ်သန်းကြမည်။ ထိုထက် ပို၍ မစဉ်းစားချင်။ လူတိုင်းတွင် အတိုင်းအတာဆိုသည်မှာ ရှိလေသည်။

သို့သော် အကယ်၍ “ဟုတ်တယ် ငါသတ်ခဲ့တယ်” ဆိုပါက ?

သူမအဖေသေဆုံးရခြင်း နှင့် “လူသတ်နည်း” စာရွက်မှ အကြောင်းအရာတို့ကို နှိုင်းယှဉ်စဉ်းစားမိသည်။ ကျွန်တော်အပြင် တခြားစိတ်ကူးမယဉ်သူ တစ်ယောက်ပင် ကောက်ချက်ချနိုင်သည်က “သူမအဖေကိုသတ်လိုဇော” ဖြင့် ရေးထားသည့် အချက်ကိုပင်။ ထိုကြောင့် စာရွက်ပိုင်ရှင်ကို ဆက်စပ်၍ လူသတ်သမားအဖြစ် ယူဆခြင်းမှာ သဘာဝကျပေသည်။ ကျွန်တော်ပုခုံးကို လှမ်းကြည့်မိလိုက်သည်။ မြင်ရသည်က လှပ ကွေ့ကောက် သော ဆံပင်လှိုင်းများ။ မိုးရေစက်များမှာ ရိုလာကိုစတာ စီးသလို သူမ၏ နက်မှောင်သောဆံပင်မှ စိမ့်၍ အဖျားဆီသို့။ ထိုမိုးရေစက်လေးနှင့် ကျွန်တော် ဘဝတူလှလွန်း၍ ထိုရေစက်ကျခါနီးဆဲဆဲတွင် အသည်းတယားယား။ ကျွန်တော်အကြည်ကို သတိထားမိဟန်ဖြင့် “ဟမ်?” ဆိုကာ သူမ လူကြီးဆန်စွာ ပြုံးလိုက်ပြီး သူမခေါင်းကို အသာအယာညွတ်လိုက်သည်။

“ငါဒီဖက် ကပ်လိုက်မယ် နိုမိုဆို ရေစိုမှာစိုးလို့”

အတွဲတွေလို အတင်းပင် ပူးကပ်တိုးဝင် လာသည်။ ထို့ကြောင့် တံတောင်ဆစ်နှင့် သူမရွှေရင်နှစ်မြွာနဲ့ ထိမိသလို ဖြစ်နေ၏။ အလွန်ပင် ဉာဏ်များလှပေသည်။ ယခုလို ဆွဲဆောင်ရသည်ကို အတော်ပင် ကျေနပ်ဝမ်းမြောက်နေပုံ။ သို့ ကျွန်တော်မှာလည်း ဘာမှ မတက်နိုင်။ မိုးကလည်းရွာ ၊ ထီးတစ်လက်သာ ပါသဖြင့် နောက်ဆုံး ရွေးချယ်ခဲ့ရသည်။ ထိုကြောင့် နှစ်ဦးသား အကာအဝေးမှာ မပြောပလောက်အောင် နီးကပ်။ သူမ ထီးကို အိတ်ထဲတွင်ဝှက်ထားမည်ဟု အထူးပင် သံသယဝင်မိသည်။ သူမလို ကြိုတွေးတက်သူ တစ်ယောက်က ထီးမယူလာခြင်း ဆိုသည်မှာ ကျိုးကြောင်းမဆီလျော်။

ဟုတ်ကဲ့ ကျွန်တော်သိသည့် မိန်းကလေးများထဲ အပေါ်မှအချက်များနှင့် ကိုက်ညီသူမှာ တစ်ယောက်သာ။ ၎င်းမှာ Tsukimori Youko။ ကျွန်တော်တို့ အလုပ်မှအပြန် အနီးရှိ ဘူတာကို လမ်းလျောက်လာ၏။ သူမကိုလိုက်နှောင်ယှက်သူ ရှိနိုင် ဟု ယူဆချက်သက်သက်ဖြင့်သာ ကျွန်တော် သူမကို နေ့စဉ် လိုက်ပို့ရသည်မှာ အလုပ်တစ်ခု။

“နင်အိမ်လိုက်ပို့တာ တကယ်စိတ်ချရတယ် အဆင်ပြေရင် ငါ့ကို….. အချိန်တိုင်း ငါနဲ့လိုက်ခဲ့ပါလား?”

ထုံးစံအတိုင်း ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“ဟင့်အင်း ဒါပေမယ့်”

ဆိုလိုက်သော်လည်း အလုပ်ခန်းထဲ ဖြစ်သဖြင့် Mirai-san အပါအဝင် အလုပ်ထဲမှတစ်သိုက်က အားတက်သရော

“လိုက်ပို့လိုက်စမ်းပါ!”

ကျွန်တော်မလွတ်နိုင် သည်ကိုသိ၍ “အင်း ဘူတာ အထိလောက်ပဲ” ဟု တောင်းပန်လည်း မရ။ သို့ရာတွင် ဘဝတွင် မထင်မှတ်သည့် အပြောင်းအလဲများရှိသည်။သူမကိုဘူတာလိုက်ပို့ရင်း စကားပြောရသည်မှာ ပျော်ဖို့ကောင်းသည်။ မီးပွိုင့်နီနေ၍ စောင့်နေရင်း

“မနေ့က သတင်းကြည့်နေရင်း ” ဟု စကားစလိုက်တာ

“လူတွေ ဘာကြောင့် သတ်ကြသလဲ မသိဘူးနော် ဆိုတာ စဉ်းစားမိတယ်”

တကယ်တမ်း ထိုနေ့ကသတင်းပင် မကြည့်ခဲ့။ သို့သော် ယနေ့ခေတ်ကြီးတွင် တစ်နေ့ကို လူသတ်မှုတစ်ခုမျှ အနည်းဆုံး ရှိနေရာ။

“အိုး ဒီနေ့တော့ အတွေးသမားတစ်ယောက် လိုပါပဲလား နင့်စဉ်းစားနေတဲ့ပုံကို သဘောကျ!” ဟု ဆံပင်သာမကအသံပါ မိုးရေစိုစွတ်နေသည့်ဟန်ဖြင့် ပြောသည်။

“မိုးရွာနေလို့လား လူတစ်ယောက်က မိုးရွာနေရင် ဒီလို စိတ်ကူးယဉ်ပြီး တွေးတက်တယ်နော် မဟုတ်ဘူးလား ပုံမှန်စာမဖတ်ချင်ရင်တောင် မိုးရွာရင်စာဖတ်ကြတာကိုး”

“အင်း ဒီနေ့ ပုံမှန်မဟုတ်ဘူး ကြည့်ရတာ မိုးရွာလို့ ထင်တယ်”

သူမစကားကိုလိုက်၍ ကျွန်တော် မေးခွန်းကို တမင်ရည်ရွယ်၍ မေးခြင်းမဟုတ်ကြောင်း ဖာထေးပြောဆို လိုက်သည်။

“ဒါနဲ့ ငါအမြင်ကို ပြောပြရမလား?”

မိုစက်များ ထီးပေါ်ကျနေသံ ၊ ရေစိုနေသောတာယာများ လှုပ်ရှားမှုအသံ က နောက်ခံတေးဂီတသဖွယ် ပံပိုးနေပြီး သွေးများလည်း ပို၍ မြန်ဆန်စွာ စီးဆင်း လာသည်ဟု ခံစားမိသည်။

“အင်း—”

Tsukimori သူမ၏ နက်မှောင်သောဆံကေသာကို နှင်းဆီရနံ့ သင်းပျံနေသော ပါးပြင်မှ ဖယ်ထုတ်ရင်း

“__ သူတို့က သတ်ချင်စိတ် ပေါ်လာလို့ နေမှာပေါ့”

သူမအသံမှာလည်း မကွဲပြား။

“… သတ်ချင်စိတ် ပေါ်လာလို့? ဒါပဲလား? ဒါဆို လူတစ်ယောက်ကို သတ်ဖို့အတွက် အကြောင်းပြချက်မရှိဘူးလား?”

သူမ၏ လက်လွတ်စပယ် အဖြေကို ဘယ်လိုမှ လက်မခံနိုင်။

“အဲဒီလို မဟုတ်ပါဘူး”

“ဒါဆို ဘယ်လိုလဲ? နင်တခုခု မရှင်းပြမခြင်း ငါလို သာမန်လူတစ်ယောက်က နင်လို ပါရမီရှင်ပြောတာ နားလည်မှာမဟုတ်ဘူး အားနာပါတယ်”

“အိုး စိတ်မဆိုးနဲ့လေ ငါနောက်နေတာ မဟုတ်ဘူး တကယ်ထင်မိတာ”

ကျွန်တော် မျက်စောင်းကို သတိထားမိပြီး ဘာလုပ်ရမှန်းမသိဟန်ဖြင့် သူမ ပုခုံးတွန့်ပြသည်။

“ငါထင်တာက ကိစ္စအတော်တော်များများက လူမသတ်ပဲနဲ့ရှင်းလို့ ရနိုင်တာပဲကိုး ဥပမာ ရန်ငြိုး၊ မနာလိုတာပဲ ဖြစ်ဖြစ်လေ။ ဒါပေမယ့် အသက်အာမခံ လူသတ်မှုတွေ ကတော့ ထားပါတော့”

မီးပွိုင်စီမ်းသွားပြီ။ ထီးကိုယ်စီ ဆောင်းထားသော လူလှိုင်းကြီးမှာ မြင်ကွင်းထဲသို့၊ ထိုနေရာတွင် အနီရောင်ထီးတစ်လက်သာ ကျန်ခဲ့သည်။

“လူတစ်ယောက်ကို လက်စားချေတာ၊ ရန်ငြိုးကိုရှင်းချင်တာ ဆိုရင် သတ်လိုက်တာထက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိတယ်လေ?”

ဘယ်နည်းလမ်းဆိုသည်ကိုတော့ စဉ်းစားမရ။ သို့သော် Tsukimori သာဆိုလျှင် တစ်ခုခုတော့ အကြံရလိမ့်မသည်။

“ဥပဒေနဲ့ဖြစ်ဖြစ် လူလောကကြီးက ဥပေက္ခာပြုတာပဲဖြစ်ဖြစ် သတ်တဲ့သူက ပေးဆပ်ရလိမ့်မယ် ဓားနဲ့မွေးရင် ဓားနဲ့သေမယ် ဆိုတဲ့ စကားအတိုင်းပဲ လူသတ်မှု မှာလည်း ဒီလိုပဲ ဒါကြောင့် ငါ့စိတ်ထဲမှာတော့ ဒါဟာ ရူးသွပ်တဲ့အလုပ်ပဲ။ အတော်များများ ဒေါသအလျောက်တို့ ၊ စိတ်ထဲပေါက်ကရလုပ်မိတာတို့ အမျိုးမျိုး ခေါ်ကြပေမယ့် တကယ်တမ်း ခြုံပြီးပြောရင် သူတို့စိတ်ထဲမှာ ပေါ်လာလို့ လုပ်တာပဲ”

ဟုပြောကာ ဆက်၍ “စိတ်ခံစားမှု အခြေအနေပေါ်မူတည်ပြီး လူတွေက တချို့အခြေအနေတွေမှာ ယုတ္တိမရှိတဲ့လုပ်ရပ်တွေ လုပ်လေ့ရှိတယ်”

“ဒီတော့လူသတ်မှု ဆိုတာ ဘာမှမဆီမဆိုင်လည်း ဖြစ်နိုင်တယ်ပေါ့”

သူမအဆိုကား လက်ခံနိုင်စရာ ရှိသည် ။ အတော်ပင်အံဩမိသည်။ သိုသော် ယခုလိုအပျက်သဘော ဆောင်သော မှတ်ချက်ကြောင့် စိတ်ထဲ ကိုးလို့ကန့်လန့်။ ရှေဦးစွာ သူမ၏ သေသပ်လှပ သောစကားကြောင့် သူမကို စံပြကျောင်းသူ တစ်ဦးနှယ်ထင်မှတ်မိသည်။ သို့သော် ဆက်စပ်တွေးကြည့်သော် သူမပြောချင်သည် ကိုရောက်ရန် ပြောဆိုခြင်း သက်သက်ပင်။ အကြမ်းဖြင်း ပြောရလျှင် သူမသည် လူသတ်ခြင်း၏အကျိုးဆက်ကို နည်းလမ်းတစ်ခုအဖြစ် ငြင်းဆန်ခြင်း။ ထိုကြောင့် သူမသည် လူသတ်ခြင်းကို သဘောမတူ ဟု မှတ်ယူ၍မရနိုင်ပေလော။

“ဒါပေမယ့် နင်ပြောတော့ တချို့အခြေအနေတွေ ဆိုတာပါတယ်ဟုတ်?”

ကျွန်တော် တစောင်းကြည့်သော်လည်း မျက်နာအပြည့် မမြင်ရ။ သူမပါးစပ်ကိုသာ အနည်းငယ် မြင်ရလေသည်။

“…ဥပမာ အနေနဲ့ဆိုရင်?”

သူမ နှုတ်ခမ်းဖျားမှာကွေး၍ ပြုးလေသည်။ ကျွန်တော်တို့ မိုးသည်းထန်စွာ ရွာသွန်းသည့် ညဖက်တွင် ထီးလေးတစ်ချောင်းအောက်အတွင် အတူ မတ်တပ်။ မြိုထဲတွင် အသံမျိုးစုံ ဖုံးလွမ်း နေသော်လည်း၊ အရောင်အသွေးစုံလင်စွာ လူပေါင်းများစွာ ချယ်သထားသော်လည်း၊ စိတ်ထဲတွင်မူ ဓာတ်လှေကားထဲ၌ တစ်ယောက်တည်း မတ်တပ်ရပ်နေသလို။

“ဥပမာ နင်က လူတွေ လုံးဝမသိပဲ သတ်နိုင်ပြီဆိုရင်”

အကြောင်းရင်းကတော့ ကျွန်တော်ဖြစ်ရမည်။ ကိုယ့်ကမ္ဘာထဲတွင် ကိုယ်ပိတ်မိနေသည်။ ထိုအချိန်တွင်တော့ စိတ်ကူးယဉ်ကမ္ဘာထဲမှ Tsukimori Youko ရုပ်ပုံလွာ ကွဲကြေသွားသည်။

“ဒီထက်ပိုပြောနိုင်မလား? နင်အမြင်တွေက ငါလိုလူအတွက် နားလည်ရခက်နေလို့ အားနာပါတယ်”

သူမ ကျွန်တော်ကိုစသလိုဖြင့် ပုခုံးတွန့်ပြလိုက်သည်။ “ငါက လူတိုင်းအနေနဲ့ မတော်တဆမှုတစ်ခုလို့ပဲ မြင်ရမယ့် ပြီးပြည့်စုံတဲ့လူသတ်မှု တစ်ခုနဲ့ ပတ်သတ်ပြီးပြောချင်တာ”

ကျွန်တော်ရှင်းပြီးနောက် Tsukimori အာရုံစိုက်ပြီး ဖြေသည်က

“တကယ်တော့ လူသတ်မှုနဲ့ ပြီးပြည့်စုံတဲ့လူသတ်မှု ကြားမှာ မျဉ်းတကြောင်းဆွဲကြည့်မယ်ဆိုရင်တော့ သတ်ချင်တဲ့စိတ်ပေါ်ရုံနဲ့ သတ်လို့မဖြစ်သေးဘူး။ သေသေချာချာ ခေါင်းအေးအေး စဉ်းစားမှ… ဒီတော့ ပြီးပြည့်စုံအောင်ကြံစည်ဖို့ လိုသေးတယ်လေ”

ကျွန်တော်တို့ဆွေးနွေးပွဲက အဓိကအကြောင်းအရာက ဖြစ်နိုင်မှုနှင့် အကယ်၍ ဖြစ်လာပါက သက်ရောက်မှု၏အနေအထား ၊ လူကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းကတော့ မပါဝင်ချေ။

“ဒါပေမယ့် ငါတို့နိုင်ငံရဲတွေက ကမ္ဘာကတောင် အသိမှတ်ပြုရတယ်လေ ဟုတ်ဖူးလား နောက်ပိုင်း သိပ္ပံပညာအခြေပြု မှုခင်းရှာဖွေစစ်ဆေးရေးက ကိစ္စတွေကို အရင်ကထက်မြန်လာတယ် ဒီတော့ ပြီးပြည့်စုံတဲ့လူသတ်မှု တကယ်ဖြစ်နိုင်ပါ့မလား?”

သူမက ပြီးပြည်စုံသည့်လူသတ်မှုသည် အိပ်မက်သာဖြစ်ကြောင်း ပြောချင်သည့်ဟန်ဖြင့် ပြုံးလေသည်။ ယခုမှ စိတ်ထဲ ကသိကအောက်ဖြစ်ရသည့် အကြောင်းကို ခံစားမိသည်။ ဆယ်ကျော်သက်နှစ်ယောက် လမ်းသွယ်တစ်ခုပေါ် ၊ ထီးတစ်လက်အောက်တွင် ပြောနေသည့်အကြောင်းအရာမှာ ကဗျာမဆန်လှပေ။ သို့သော် ပြောနေသည့်အကြောင်းအရာကို ရင်ထဲစွဲနစ်မိသည်။ ကျွန်တော်သည် ထိုကဲ့သို့ လူစားမိုးပင်။

လူတစ်ယောက် သေသည်ရှင်သည်က ကျွန်တော်နှင့် မဆိုင်။ တကယ်ဆို သေဆုံးခြင်းက ပိုပြီး စိတ်ဝင်စားစရာ။ ကျွန်တော် တုံပြန်မှုများပင်လျင် စိတ်ဝင်စားမှုများနှင့် ဖုံးလွမ်းနေလေမည်။ ကိုယ်ကိုယ်ကို ပုံမှန်လူတစ်ယောက်နှင့် မတူကြောင်း ကောင်းကောင်း သတိထားမိသည်။ သို့သော် သူမကရော။ Tsukimori Youko လို ဂုဏ်သတင်း ကျော်ဇော်လှသည့် ပျိုတိုင်းကြိုက် နှင်းဆီခိုင်လေးသည် ဒီစကားဝိုင်းကို စိတ်ဝင်စားပါ့မလား။ သူမလို သည်းညည်းခံတက်ပြီး အမြဲတမ်း ပြုံးနေသော လုံးဝ ဘာမှ မဖြစ်သလို သူမ မကျေနပ်မှုကို တစ်စက်ကလေး တောင်မှ မဖော်ထုတ်ပြသော သူမ သူမ မကျေနပ်မှုကို မည်ကဲ့သို့ ဖုံးကွယ်သနည်း။ ကျွန်တော် ကောက်ချက်ချသည်ကတော့ သူမကိုယ်တိုင်ကလည်း ဒီလို အကြောင်းအရာများကို စိတ်ဝင်စား ရမည်ဖြစ်သည်။

“အိုကေလေ ဒါပေမယ့် ဒါက အယူအဆသက်သက်ပဲ”

ကျွန်တော် ယူနီဖောင်း ဘယ်ဘက်အိတ်ကပ် ကို သေချာထိမိလိုက်သည်။ အထဲမှာတော့ လေးခေါက်ချိုး စာရွက်တစ်ရွက်။

” တကယ်လို့ ပြီးပြည်စုံတဲ့ လူသတ်မှုအတွက် နင်သာဆိုရင် ဘယ်လို အကြံအစည်မျိုး ရေးဖို့ စိတ်ကူးရှိလဲ?”

ကျွန်တော် လူသတ်နည်း စာရွက်ကို ကိုယ်နှင့်မကွာ ဆောင်ထားလေသည်။

ထိုနောက် သူမ ခေါင်းလောင်းသံကြား၍ သတိရသွားသည့် အပြုံးဖြင့်

“သိပ်ကောင်းတဲ့ မေးခွန်းပဲ တကယ်လို့သာ ပြီးပြည့်စုံတဲ့ လူသတ်မှုကို ကျူးလွန်နိုင်ရင် ငါက လူသတ်မှုကို ဦးတည်ချက်တစ်ရပ်လို့ ယူဆမိမှာပဲ။ ဒါပေမယ့်ငါအမြင်မှာတော့”

ဟုဆိုကာ နောက်သလိုပြောင်သလို ကျွန်တော် နှစ်သက်သော လရောင်အပြုံးကို ဆင်မြန်းလျှက်

“ငါဆိုရင်တော့ ချရေးမှာ မဟုတ်ဘူး နောက်ကြရင် သက်သေဖြစ်လာနိုင်တယ်လေ ၊ အကြံကြောင့်ပဲ လူသတ်မှုက အောင်မြင်ပြီးတော့ ဒီအကြံကို ချရေးမိလို့ ဖမ်းမိသွားတယ် ဆိုရင် ရယ်စရာ မကောင်းဘူးလား ငါထင်တာကတော့ အကြံအစည်ဆိုတာ ခေါင်းထဲမှာပဲ ရှိသင့်တယ်လို့ ထင်တာပဲ”

သူမ အတန်ကြာစဉ်းစားပြီးမှ ဆက်၍ “နင်ငါကိုမေးလို့ တွေးကြည့်မယ် ဆိုရင်တော့ တကယ်တော့ ချရေးရေး မရေးရေး ဆိုင်တော့ မဆိုင်ပါဘူး ၊ တကယ်လို့သာ ပြီးပြည့်စုံတဲ့ လူသတ်မှုသာ မှန်ခဲ့တယ်ဆိုရင် ဘယ်သူမှ သိစရာအကြောင်းမရှိဘူးလေ ဟုတ်လား?”

ကျွန်တော် ခေါင်းထဲမှာ မရှင်းလင်းသည့် ကိစ္စများ အတော်ပင် ပြတ်သားသွားသည်။ ကျွန်တော် အိပ်မက်မက်နေစဉ် လန့်နိုးလာသလို။

“ဒါကိုက ပြီးပြည့်စုံတဲ့ လူသတ်မှု ဟုတ်မဟုတ် မှတ်ကျောက်တင်နေတာပဲလေ ၊ တကယ်လို့ ဟုတ်ခဲ့တယ်ဆိုရင်တော့ လူတစ်ယောက်တွေ့လို့ မှတ်လိုက်ပြီ ဆိုတာနဲ့ ပြီးသွားပြီလေ ၊ နောက်တစ်ချက်အနေနဲ့ ဘယ်သူမှ အတည်လို့ မထင်အောင်ကို ယုတ္တိယုတ္တာမရှိဘူး ဆိုရင် ဒါက ပြီးပြည့်စုံတဲ့ လူသတ်မှုပဲလေ”

ရုတ်တရက် ကျက်သီးတဖြန်းဖြန်းထလာသည်ကို သတိထားမိသည်။

“ဒါပေမယ့် လူတွေက အမှားလုပ်တက်တယ်ဆိုတာ နင်လက်ခံခဲ့တာပဲ မဟုတ်လား? တကယ်တော့ လူတွေက မပြည်စုံဘူးလေ။ ဒါကြောင့် မပြည့်စုံတဲ့ လူသားဟာ အဆုံးထိ အမှားကို ကျုးလွန်နေရော ၊ ဒါကြောင့် နောက်ဆုံးမှာတော့ တစ်ယောက်ယောက် သိသွားနိုင်တာပဲလေ”

ချမ်းနေ၍မဟုတ်၊ ရာသီဥတု ဆိုးရွား၍ မဟုတ်၊ သူမ ကျွန်တော်ကိုခြောက်လှန့်၍မဟုတ်။

“ဆက်တွေးကြည့်ရရင်တော့ ပြီးပြည့်စုံတဲ့လူသတ်မှု ဆိုတာ ပြီးပြည့်စုံတဲ့အကြံအစည် နဲ့ ပြီးပြည့်စုံတဲ့လုပ်ဆောင်မှုက အဓိကမကျဘူး ၊ အရေးအကြီးဆုံးက ပြီးပြည့်စုံတဲ့ လူသား”

ကျွန်တော် အံအားသင့်လွန်း၍ အသားပင် တဆတ်ဆတ်တုန်မိသည်။ သို့သော် ကျွန်တော်ပုံစံ ကြည့်ရသည့်မှာ ဒေါသထွက်နေဟန်။

သူမ တစ်ခစ်ခစ်ရယ်လိုက်သည်။

“ရယ်ရတယ် မဟုတ်လား ဒါတွေက အပြင်မှာစမ်းလို့မရတဲ့ စာရွက်ပေါ်က သီအိုရီတွေ ၊ ပြီးပြည့်စုံတဲ့လူဆိုတာ နဂိုကတည်းကမှ မရှိတာ ဒါပေမယ့် အမှုလိုက်တဲ့သူ တွေကလည်း လူတွေပဲလေ။ ဒါကြောင့် သူတို့ဖက်ကလည်း မှားတာ ရှိမှာပေါ့။ ဒါပေမယ့် ငါထင်တာကတော့ ပြီးပြည့်စုံတဲ့မှုခင်းဆိုတာကတော့ မထင်မှတ်ထားတဲ့ တိုက်ဆိုင်မှုတွေ ပေါင်းစပ်မှ ရမှာ”

ဒါကြောင့် ငါ့အဖေကို ငါသတ်နိုင်ပါ့မလား Nonomiya-kun?

ကျွန်တော် စိတ်ထဲတွင် Tsukimori ထိုစကားပြောလိုက်သည် ဟု ထင်မိလိုက်သော်လည်း တကယ်တော့မဟုတ် ၊ ကျွန်တော် အတွေးသက်သက်သာ ဖြစ်သည်။ ကျွန်တော် ခေါင်းကို ခါလိုက်သည်။

“သံသယဖြစ်စရာပဲ”

သူမမျက်လုံးဝိုင်းလေးကို လှည့်ကြည့်လိုက်သော် “ဘာလို့လဲ” ဟုမေး၍ လမင်းကဲ့သို့ အပြုံးကို ပြုံးပြပြန်သည်။

“နင်လိမ်တာကိုး လောကမှာ ပြည့်စုံတဲ့လူမရှိဘူးလို့ နင်ပြောတယ်လေ ဒါပေမယ့် အဲဒီလိုလူကို ငါတွေ့ဖူးတယ်”

သူမ “ဘယ်သူလဲ” ဟု မမေးသော်လည်း ခေါင်းညိတ်ကာ “အော်” ဟုသာ ပြန်ဖြေလေသည်။

သူမနိုင်သွားလေသည်။ ပို၍ပင် ရယ်ဖို့ကောင်းသည်။

Tsukimori Youko ကြောင့် ကျွန်တော် ပုံမှန်ထက်ပင်စကားများနေသည်လေ။ စိတ်လှုပ်ရှား၍ ရင်ခုန်သံများ အတိုင်းသား ကြားနေရသည်။ ဘာလို သူမနှင့်စကား ပြောရသည်မှာ ထိုမှ စိတ်လှုပ်ရှားစရာ ကောင်းသနည်း။

အဓိက ဒီလိုအကြောင်းအရာများ အစဆွဲထုတ်ခြင်းကြောင့် ပျော်ဖို့ကောင်းခြင်း ဖြစ်သည်။ တကယ်လို့ သူမကရော ပျော်ပါ့မလား? တကယ်ပျော်ဖို့ကောင်းလို့လား? တစ်ဖက်မှာ တွေးကြည့်ရင် သူမကို အာရုံနောက်အောင် လုပ်နေသလိုဖြစ်ပေမယ့် တစ်ဖက်မှတွေးကြည့်ရတော့ သူမ အဖြေတွေက ရင်ထဲမှ လာသော စကားများ။ ဒါကြောင့် ကျွန်တော်ပြောသည့်အကြောင်းက ဘာဖြစ်ဖြစ် အရေးပါသေးရဲ့လား? သူမနှင့် သိပြီးနောက် လူသတ်နည်းစာရွက်ကြောင့်ပင် ထိုမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မကောင်းပေလော။ ထိုကြောင့် ကိုယ်တိုင် သတိမထားမိပဲ ကြိုးတန်း လမ်းလျောက် ရသည်လော ? ထိုကြောင့် ကျွန်တော်သူမကို လူသတ်နည်းစာရွက်ဖြင့် ရင်ဆိုင်စေခြင်းဖြင့် အိပ်မက်မှ လန့်မနိုးချင် ၊ ပျင်းဖို့ကောင်းသည့် လက်တွေ့ဘဝထဲသို့ ပြန်၍မသွားချင်။ စိတ်ထဲတွင် ဥပဒေဘက်တော်သား လုပ်ရန် မရည်ရွယ်။ စိတ်ဝင်စားမှု၊ သိချင်စိတ် နှင့် သူမအကြောင်း လေ့လာလိုစိတ် သက်သက်သာ။ ထို့ကြောင့် Tsukimori Youko ဆိုသည့် ညို့အားပြင်းသည့် ကောင်မလေးနှင့် ချိတ်ဆက်ချင်မိသည်။

သို့သော်တချိန်တည်းမှာပင် သူမ လူသတ်နည်းစာရွက်ကို အသုံးပြု၍ သူမ အဖေကို သတ်မသတ် သိချင်မိသည်။ ကိုယ်ကိုယ်ကို ဝေခွဲမရချိန်။ အင်း ဟုတ်ပြီ သူမဆီကို နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးသင့်နေပြီ။

မည်သူမှ မမြင်ဖူးသည့် သူမ၏ မျက်နာအမူအရာကို စိတ်ထဲမှတ်ထားလိုက်သည်။ မိးပွိုင့်မှ မီးစိမ်းမှာ မှိတ်တုတ် မှိတ်တုတ် ၊ ထိုနောက် မီးနီလေ၏။ မိုးကတော့ သည်းကြီးမဲကြိးရွာဆဲ နှင့် ရေစိုနေသော တာယာသံများကလည်း ကြားရဆဲ။ လူတစ်သိုက်ကြီးမှာလည်း ဘူတာရုံသို့ တိုးဝင်ပျောက်ကွယ်။ သို့သော် မြို့ထဲတွင် အပူချိန်လျော့သွားသလို။ စိတ်လှုပ်ရှားနေသည်ကို သူမ သတိမထားမိစေရန် တိတ်ဆိတ်စွာ အသက်ရှုလိုက်သည်။ ထိုနောက် အိတ်ကပ် ထဲသို့ လက်နှိုက်လိုက်သည်။

စိတ်ထဲမှ ဆုံးဖြတ်လိုက်ပြီ။ သူမကို လူသတ်နည်းစာရွက်နှင့် ပတ်သတ်၍ တိုက်ရိုက်မေးရန်။

သို့သော် ရုတ်တရက်သူမ ရှေ့မှလှမ်းဖက်လိုက်သည်။ ကျွန်တော် အိတ်ကပ်ထဲ လက်တန်းလန်းဖြင့် ထုတ်၍မရ သွင်း၍မရ။ ကျွန်တော် အံအားမသင့်ရသေခင် အဖြူရောင်သက်ပြင်းငွေ့ များနှင့်အတူ “…ငါချမ်းတယ်” ဟု Tsukimori Youko မှ မသဲမကွဲပြောလိုက်သည်။

သူမ တကိုယ်လုံးနီးပါး စိုထိုင်းနေပြီး အနက်ရောင်ဆံပင်ရှည် မှာလည်း စိုရွဲနေသည်။ သူမ ခန္ဒာကိုယ်ဖြင့် မှီလိုက်သောအခါ သူမနှုတ်ခမ်းပါးပါးလေးမှာ မေးစေ့နေရာ ခန့်သို့ ရောက်ရှိလာပြီး နမ်းရန် တောင်းပန်နေသလို။ ယူနီဖောင်းပေါ်မှ နူးညံ့သော အထိအတွေ့သည် ယခင်ကကဲ့သို့ပင်၊ သို့သော် သူမ အလွန်အေးနေပုံ။ ဒီအခြေအနေထိ ရောက်အောင် စကားပြောနေခြင်းက ကျွန်တော် အမှားပင်။ သို့သော် ကျွန်တော်သည် ထို့ကြောင့် လူသူအပေါင်း၏ မျက်လုံးများအောက်ဝယ် မိန်းကလေးတစ်ယောက်ကို ဖက်ရသည်အထိ မရူးသွပ်သလို အတွေ့အကြုံလည်း မရှိ။

ထို့ကြောင့် လက်များကို သူမ ပုခုံမှ ကျော်၍ သူမဖက်ထားသည်ကို ဖြေရန်ကြိုးစားသည်။ သို့သော် ချက်ချင်းပင် ခေါင်းကိုခါ၍ ခေါင်းမာစွာပြောနေသည်က “ဟင်အင်း”။ ထိုနောက် ပို၍တင်းကျပ်စွာပင် ဖက်ထားသေးသည်။ သူမ၏ ကလေးဆန်သော အပြုအမှုနှင့် ဆန်ကျင့်စွာ လူကြီးဆန်သော သူမ၏ ခန္ဒာကိုယ်သည် စိတ်ခံစားချက်များကို ရှုပ်ထွေးလာစေသည်။ ဖိထားသည့် သူမရင်ဘတ်အနားမှ ရုတ်တရက် တုန်ခါမှုကို ခံစားလိုက်ရသည်။

“… ဒီအချိန်မှကွာ”

မကျေနပ်သည့် မျက်နာဖြင့် ဖုန်းကို သူမအကျီအိတ်ကပ်မှ ထုတ်လိုက်သည်။ သူမ ကျွန်တော်ကို ခွာ၍မပေးပဲ ထုတ်နေသောကြောင့် ထိမိနေသည်။ ကျွန်တော် လက်နှစ်ဖက်ကို အကျီဘေးအိတ်မှ ထုတ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ ပြောင်းထည့်လိုက်သည်။ ကျူးကျော်ဝင်ရောက်လာသော ဖုန်းခေါ်သံကြောင့် စိတ်လှုပ်ရှားမှုများ ပပျောက်ကုန်သည်။

“အင်း Youko ပြောနေပါတယ်ရှင်”

စကားပြောစဉ်မှာတော့ သူမ၏ မျက်နာပျော့ပြောင်းသွားသည်။

“…အမေလား? ဘာမှတော့မကြားမိဘူး ကျောင်းသွားတုံးကတောင် အိမ်မှာရှိသေးတယ်”

စကားအနည်းငယ် ပြောပြီးသည့်နောက် သူမ မျက်နာမှာ ပို၍ ပို၍ စိတ်ဓာတ်ကျသွားပုံ။ ဖုန်းဆက်သူက ပြောသည့်အကြောင်းအရာ အတိအကျ မသိရသော်လည်း ကောင်းသော သတင်းတော့ ဟုတ်ဟန်မထင်။

“…အင်း နားလည်ပါပြီ။ ကျွန်မ ပြန်လာပါ့မယ် တခုခုသိရရင် ဖုန်းပြန်ဆက်ပါ့မယ်”

သူမဖုန်းချလိုက်ပြီး ပင်ပန်းဟန် သက်ပြင်းချသဖြင့် ကျွန်တော်မှလည်း “ဘာဖြစ်တာလဲ” ဟုမေးမိသည်။ ထိုနောက် မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် အချိန်အတော်ကြာ ဘာပြောရမှန်း မသိ တုန့်ဆိုင်းနေသည်။

“…အမေက အချက်အပြုတ်သင်တန်း ကနေ ပျောက်သွားလို့တဲ့” ဟု သူမဆက်ပြောသည် “သူ ဒီလိုလုပ်မှာမဟုတ်ဘူး ၊ တစ်ယောက်ယောက်က …အလုပ်သမား တစ်ယောက်ယောက်က စိတ်ပူလို့ ဖုန်းဆက်တာဖြစ်မယ်”

“နေမကောင်းလို့များလား”

ကျွန်တော်လည်း ပေါ့ပေါ့ပါးပါးဖြစ်အောင်သာ နှစ်သိမ့်ပေးမိသည်။

” သူပြောတာ အိမ်ကို ခေါ်သေးတယ်တဲ့ ပြီးတော့ အမေဖုန်းရောပဲ ဒါပေမယ့် မကိုင်ဘူးတဲ့ ဒါကြောင့် သမီးဖြစ်တဲ့ ငါ့ကို ခေါ်တာ တခုခုများ သိမလားဆိုပြီးပေါ့”

သူမစကားကို ရပ်ကာ မျက်တောင်ရှည်ကြီးများကို ခတ်၍ စဉ်းစားနေသည်။ ထိုနောက် သက်ပြင်းချလိုက်သည်။ ခံစားမိသည်က ပြဿနာတော့တက်လေပြီ။

“အိမ်အမြန်ပြန်ရအောင်”

သူမလက်ကို တင်းတင်းဆွဲပြီး ဘူတာသို့ လမ်းလျောက်လာသည်။

“…အဲ?”

သူမ အံဩသွားသလိုအသံကို နောက်မှ ကြားလိုက်ရသည်။

“နင်ပြဿနာတက်နေတယ်ထင်လို့ ဒါကြောင့် နင့်ကို အိမ်အမြန်ပြန်ပို့တာ” ဟု စကားကို ခပ်မြန်မြန်ပြောကာ “ဒါကိုက ငါ့ပုံစံပဲ ဒါပေမယ့် နင့်ကို ဒီလိုမြင်ရမှတော့ ဘယ်လို့လုပ် တစ်ယောက်တည်း ပြန်လွတ်နိုင်မလဲ နောက်ပြီး နင့်ကိုထားခဲ့ရင် Mirai-san ကလည်းပြောမှာ”

ကျွန်တော်စကားကို “နင်ဒီလို စိတ်ပြောင်းသွားတာက အရမ်းချစ်ဖို့ကောင်းတာပဲ” ဝမ်းသာသွားသည့်အသံကို နောက်မှ ကြားလိုက်ရသည်။

စိတ်ထဲတွင် သူမများ နောက်နေသည်လား။ ထို့ကြောင့် ငြင်းပယ်ရန်လမ်းစ ရှာလိုက်သော်လည်း သူမမှ “ကျေးဇူး” ဟု ခပ်တိုးတိုး ပြောသံကို ကြားပြီးနောက်မှာတော့ ခံစားမိသည်က ကျွန်တော်ကို ကိုင်ထားသည့် သူမ၏ အေးစက်စက် လက်ချောင်များ။ ကျွန်တော် မငြင်းပယ်နိုင်တော့ချေ။

—————————————-

ထိုမျှ မှောင်မှောင်မဲမဲ အေးစက်စက် လူနေရပ်ကွက်မှာ မည်သူကိုမျှ မတွေ့မိ။ မစဲနိုင်သော မိုးရေစက်များက ကျွန်တော်တို့ကို တသီးတခြားစီ ခြားနားထားသလို။ ထိုကြောင့် အိမ်သို့သွားရန် ထူးခြားဆန်းကြယ်လှသည့် ဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး မတ်စောက်ရှည်လျားသည့် လှေကားကို တက်လာရသည်။

Tsukimori မှာတော့ ဖုန်းဖြင့် သူမအမေကို အကြိမ်ကြိမ်ဆက်သော်လည်း မရ။ အကြိမ်ကြိမ်ဆက်ပြီးနောက် သူမဆီမှ မည်သည့်စကားမှ မကြားရတော့။ သနားစရာ ကောင်းသော်လည်း သူမကို ဖြေသိမ်ဖို့ရာ စကား ရှာမတွေ့။ ထိုကြောင့် သူမနောက်မှသာ အိမ်အဝသို့ လိုက်လာခဲ့သည်။ အထဲတွင် လုံးဝတိတ်ဆိတ်ငြိမ်သက်မှုမှ ဆီးကြိုလျှက်။ လူသွားလမ်း၏ အဆုံးမှာတော့ မှောင်မဲနေသည်။

အဝတွင် ကြောင်စီစီနှင့်ရပ်နေစဉ် သူမမှ “နင်ဖျားဦးမယ် ခဏစောင့်ဦး တဘက်သွားယူလိုက်ဦးမယ်”

အမှောင်ထဲသို့ တိုးဝင်သွားပြီး Tsukimori ခလုတ်များ နှိပ်ပြီးနောက် မီးများ တဖြတ်ဖြတ်ဖြင့် တစ်အိမ်လုံး လင်းလာလေသည်။ ကျွန်တော် ဖြေညှင်းစွာ ဧည့်ခန်းသို့လျောက်လာကာ သူမကို စောင့်နေသည်။ ပရိဘောဂများမှာမူ ယခင်ကလိုပင် မပြောင်းလဲ။ ပြန်းတွေးကြည့်တော့ ထိုအချိန်တုံးက ကျွန်တော်တို့ နှစ်ယောက်တည်းပဲ။ ဒီတစ်ခေါက်လည်း အတူတူပင်။ ထို့ကြောင့် အခြားအခန်းများကို ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တကယ်တမ်း သူမအမေ အခန်းထဲတွင် မေ့လဲနေသည် ကလည်း ဖြစ်နိုင်သည်။ သို့သော် Tsukimori ပြန်လာစဉ်အပြောအရ

“ငါတဘက် သွားယူတော့ တခြားအခန်းတွေ လျှောက်ကြည့်သေးတယ် မတွေ့ဘူး ကြည့်ရတာ မရှိဘူးထင်တယ်”

သူမ အမေ ပျောက်ဆုံးလေပြီ။

“မတော်တဆ တခုခု မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်” စဉ်းစားနေသော Tsukimori ကိုပြုံးပြလိုက်သည်။

“ဒါပေမယ့် ဘာမှမဟုတ်ပဲနဲ့ သူဖာသာသူ အလုပ်မသွားတာလည်း ဖြစ်နိုင်တာပဲ ဒီနေ့ကလည်း မိုးရွာနေတာကို ဟုတ်တယ်မဟုတ်လား”

“ဒါဆို သူက အလုပ်က ပြေးတယ်ပေါ့?”

“တကယ်တော့ ငါလည်း ကျောင်းဖြစ်ဖြစ် အလုပ်ဖြစ်ဖြစ် ပြေးပြီး စက်ဘီးလျှောက်စီးတာပဲကိုး” ကိုယ်ဖာသာကိုယ် မှတ်ချက်ချကာ ရယ်မိသည်။

“အဲဒီလိုပဲဖြစ်ပါစေ” သူမ၏ ဖွဖွရယ်သံကြားပြီးနောက် ကျွန်တော် စိတ်ထဲ အတန်ငယ်ပေါ့သွားသည်။

“ဒါမှမဟုတ် နင့်အတွက် တခုခုမှာထားမှာပေါ့? စာရွက်နဲ့ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူဘယ်သွားမယ်ဆိုတာ”

“ဟုတ်တယ် ငါရှာလိုက်ဦးမယ်”

Tsukimori ပြုံးလိုက်ပြီး ခေါင်းကိုညိတ်လိုက်သည်။ ကြည့်ရတာ သူမနဂိုပုံစံ ပြန်ရောက်သွားသလို။

ကျွန်တော် မသိမသာဖြင့် Tsukimori နောက်မှ လိုက်လာခဲ့သည်။

သူမ၏ သောကရောက်နေချိန် အသုံးချသလို ဖြစ်၍ စိတ်မကောင်းသော်လည်း အခွင့်အရေးကိုတော့ လက်လွတ်အဆုံးရှုံးမခံနိုင်ချေ။ လှပခမ်းနားသော မီးဖိုချောင်မှ ကျွန်တော်ကို ဆီးကြိုလျှက်။ အတော်ပင်ကြီးလှသည့် ရေခဲသေတ္တာ တစ်လုံး ၊ မမြင်တွေ့ဖူးသော ဟင်းချက်ကိရိယာများ နှင့် ဟင်းအမယ်များစွာကို တွေ့မိသောအခါ “ဟင်းချက် သင်တန်းကျောင်းဆရာမ အိမ်လို့ မပြောရဘူး” ဟု မှတ်ချက်ချမိသည်။

“မှတ်မိသလောက် အီတလီကထင်တာပဲ”

Tsukimori မီးဖိုချောင်တွင် ရှာနေတုံး ကျွန်တော် သူအမေ၏ ဟင်းချက်နည်း စာအုပ်တစ်အုပ်ကို ကောက်လှန် လိုက်သောအခါ ကြားရလိုက်သည်။

တကယ်တမ်း မှာထားမည်ဟု မထင်မိချေ။ ရှိခဲ့ပါက အတော်လေးပင် ကောင်းမည်ဟု စိတ်ထဲတွေးမိသည်။ လူသတ်နည်း စာရွက်နှင့်ပတ်သတ်၍ အချက်အလက်များကို ပို၍တွေ့ချင်မိသည်။

ဥပမာ – စာရွက်နှင့် ပတ်သတ်သော အချက်အလက်အသစ်များ

ကိုယ့်ကိုယ်ကို သတိလက်လွတ် ဖြစ်နေသည်ကို သတိထားမိသည်။ သို့သော် ကျွန်တော် ယခုအခြေအနေမျိုးကို သဘောကျသည်။ စုံထောက် တစ်ယောက်လို နယ်မြေသစ် ရှာဖွေသူ တစ်ယောက်လို သည်းထိတ်ရင်ဖို ဖြစ်ရရသည်ကို နှစ်သက်သည်။

“ကြည့်ရတာ ဘာမှမရှိသလိုပဲ သူ့အခန်းမှာရော?” ဟု Tsukimori စိတ်ပျက်လက်ပျက်ဖြင့် ပြောကာ မီးဖိုချောင်မှ ပြန်ထွက်လာသည်။

သူမ စင်္ကြလမ်းရှိ တံခါးတစ်ချပ်ကို ဖွင့်သည်။ တံခါးတစ်ချပ် ဖွင့်လိုက်သောအခါ ပြင်းရှသည် မွေးရနံ့များကို သတိထားမိသည်။ နံရံများကို အဖြူရောင်နံရံကပ် စက္ကူကပ်ထားပြီး ၊ ဇာလိုက်ကာတစ်စုံ ၊ နံရံအနားတွင် အကျီဗီဒိုတစ်လုံး၊ မိတ်ကပ်များစွာထည့်ထားသည့် အံဆွဲတစ်ခုကို သတိထားမိသည်။ သူမ အမေအခန်းပင် ဖြစ်ရမည်။

“နင့်အမေနဲ့ အဆင်ပြေလား?”

“အင်း ဘာမှဆိုးဆိုးရွားရွားတော့ မရှိပါဘူး”

ကုတင်ထောင့်တွင် ပန်းအကွက်များဖြင့် ဓာတ်ပုံဘောင်များ ၊ Tsukimori နှင့် သူမအမေတို့ ရိုက်ထားသည့်ပုံများ။

“နင့် မိဘတွေ ခွဲအိပ်တာလား?”

အခန်းတစ်ခုတွင် ကုတင်တစ်လုံးသာရှိပြီး ၊ ကုတင်မှာလည်း တစ်ယောက်အိပ်။.

“နင်ပြောတာဟုတ်တယ် ဒါပေမယ့် လင်မယားတွေ ခွဲအိပ်ကြတာ ပုံမှန်လိုပဲ ဖြစ်နေတယ်လေ ဟုတ်လား? ကြည့်ရတာ နှစ်ယောက်စလုံး အလုပ်တွေရှိလို့ နေမှာပေါ့ သူတို့ အခြေအနေနဲ့ဆိုရင် ဒါက ပိုအဆင်ပြေမယ်ထင်တယ်”

“ငါ့အိမ်မှာတော့ ငါတို့ မိဘတွေက နှစ်ယောက်အိပ်ကုတင်မှာ အတူအိပ်ကြတာပဲ ၊ အေးချမ်းလား မအေးချမ်းလားတော့ ငါလည်း မသိဘူး ၊ ငါ့စောင်ကိုလုလို့ လန့်နိုးသွားတယ် ဆိုတဲ့ အော်ပြီးပြောနေကြတာတော့ မနက်ကြရင် ကြားရတာပဲ ကြည့်ရတာ သူတို့ အဆင်ပြေတယ်ထင်တယ်။

သူမ ကျွန်တော်ပြောသည်ကို နားထောင်ရင်း အပြုံးတစ်ချက်ခတ်လိုက်သည်။

“နင်မိဘတွေက အတော်ပျော်ဖို့ကောင်းတာပဲ”

ထိုကြောင့် ကျွန်တော်မှာလည်း ခံစားချက်မဲ့စွာ ဖြေလိုက်သည်က “ပုံမှန်ပါပဲ”

“ငါ အမျိုးသမီးတစ်ယောက် အခန်းမှာ ကြာကြာမနေချင်ဘူး” ဟုဆိုပြီး အခန်းထဲမှ အမြန်ထွက်ကာ စင်္ကြ တွင်စောင့်နေလိုက်သည်။ ထိုမွေးရနံများက အာရုံနောက်ဖွယ်။

ကျွန်တော် ဗီဒိုတွင် ရှာနေသည့် Tsukimori ကိုလှမ်းမေးလိုက်သည်က “နင့်အဖေ အခန်းရော?”

ကျွန်တော်တွင် မရိုးမသား အကြံအစည်မရှိဟု မပြောလို။

“ဟိုဖက်အခြမ်းမှာ”

မိမိဖာသာရှာမည် ပုံစံဖြင့် သူမအိမ်ကို ဝင်မွေရမည်။

“ငါတို့ ခွဲရှာရင် ကောင်းမယ်ထင်တယ် ငါက နင့်အဖေကို အခန်းကို ရှာမယ်”

သို့သော် ကျွန်တော်အနေဖြင့် တကယ်လည်းရှာပေးချင်သည်မှာ အမှန်။ ထိုကြောင့် သူမ ဘာမှမဖြစ်သလို ဖြင့်ရှာနေသည်ကို တွေ့သောအခါ အနည်းငယ်ဖြစ်ဖြစ် ကူရှာ ပေးချင်လာသည်။

“ကျေးဇူးပါပဲ ဒါပေမယ့် သူအခန်းကဖုန်တွေနဲ့ သူမရှိကတည်းက ဘယ်သူမှမဝင်ဘူး ဆိုတော့” Tsukimori တောင်းပန်သံဖြင့်ပြောလေသည်။

“ရပါတယ်” ဟု ကျွန်တော် တုံပြန်ကာ မျက်နာချင်းဆိုင်မှ အခန်းသို့ ဝင်လာခဲ့သည်။

ဝင်ဝင်ချင်း သတိထားမိသည်က စာကြည့်တိုက်လို။ ဆောက်လုပ်ရေးနှင့် ပတ်သတ်သော စာအုပ်အတော်များများဖြင့် စီရီထားသည်။ ငွေရောင် စားပွဲပေါ်မှာ စာအုပ်များလည်း ရှိသကဲ့သို Desktop ကွန်ပျုတာ တစ်လုံးကိုလည်း တွေ့ရသည်။ စားပွဲအစွန်း နှစ်ဖက်တွင်တော့ ကြိုးမဲ့ အိမ်တွင်းပြော ဖုန်းတစ်လုံးကို တပ်ဆင်ထားသည်ကိုတွေ့ရသည်။

ထိုအခန်းသည် စာကြည့်တိုက် အနေဖြင့်သာမက အလုပ်ခန်းအဖြစ်ပင် အသုံးပြုပုံရသည်။ Tsukimori ပြောသည့်အတိုင်း ကြမ်းပြင်တွင် ဖုန်တွေထူနေသဖြင့် လမ်းလျောက်တိုင်း အကွက်အဖြစ် ခြေရာထင်နေသည်။ ထိုအပြင် တံခါးဘောင်တွင်လည်း ဖုန်တွေတက်နေသည်။ ကျွန်တော်ရပ်လိုက်သည်။ အသံတစ်ခုခု ကြားရသလိုလို။ Tsukimori အပြောအရ ဆိုလျှင် ထိုအခန်းမှာ မည်သူမှ မဝင်။ သို့သော် ခြင်ပျံ နေသော အသံလို တဝီဝီအသံ ကို ကျွန်တော် နားထဲတွင် ကြားနေရသည်။ ပန်ကာအသေးလေး တစ်ခု၏ အသံ။ ထိုကြောင့် ငွေရောင်စားပွဲ ရှေတွင် ရပ်ကြည့်လိုက်သည်။ ကွန်ပျုတာက ဖွင်ထားပုံရပြီး Sleep mode ထဲရောက် နေပုံရသည်။ ခလုတ်တစ်ခုခု နှိပ်လိုက်သောအခါ

“—Tsukimori.”

ကျွန်တော် မြင်ရသည်နှင့် သူမကို လှမ်းခေါ်လိုက်သည်။ သူမ တစ်ဖက်ခန်းမှာ ရောက်လာပြီး မျက်လုံးပြုးသွားကာ မေးလိုက်သည် “အမ်?”

“ဒီမှာ” ဟုပြောကာ ကွန်ပျူတာစကရင်ကို လက်ညိုးထိုးလိုက်သည်။

တကယ်ကို သူမ အမေ မှာထားခဲ့သည်။

“ဒါက….” သူမ ဖွဖွပြောကာ အံဩသွားပြီး ထိုနောက်တွင်မူ ကြမ်းပြင်ကိုသာကြည့်ပြီး အချိန်များရပ်တန့်သွားသလို တိတ်ဆိတ်နေလိုက်သည်။ အခန်းထဲတွင် ကြားရသည့် အသံမှာ မိုးရေစက်များ ပြတင်းပေါက်သို့ ထိခတ်သံနှင့် ကွန်ပျုတာ ပန်ကာ၏ အသံပင်ဖြစ်သည်။

ထိုအချိန်တွင်တော့ သူမ၏ လှပသော်လည်းဝမ်းနည်းစရာ မျက်နာကို ကြည်ရုံမှလွဲ၍ ဘာမှမတက်နိုင်ခဲ့။

သူမ အမေနာမည်ကို ကွန်ပျုတာစကရင်၏ notepad ထဲတွင် ရိုက်ထားသည်။ အောက်ကစာမှာမူ

«တောင်းပန်ပါတယ်»

ထိုနေ့တွင်တော့ ရဲကားနဲ့ လိုက်သွားရ၍ မနက်သုံးနာရီမှ အိမ်ပြန်ရောက်သည်။